GET ၏ လုပ်ငန်းများ

GetRide ဆိုသည်မှာ စီးနင်းသူ(ခရီးသည်)နှင့် ယာဉ်မောင်းနှင်သူ (၂)ဦးကြား တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ Mobile Application တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ယဉ်မောင်းသူများကို ခေတ်မှီနည်းပညာများ အသုံးပြုပြီး လုပ်ငန်းများ ပိုမို အဆင်ပြေပြေ လုပ်ကိုင်ချဲ့ထွင်နိုင်စေရန် ရည်ရွယ်ပါတယ်။

မော်တော်ဆိုင်တက္ကစီတွေ ကားတက္ကစီတွေ ငှားလို့ရတဲ့ တစ်ခြား Application တွေနဲ့ နှိုင်းယှဉ်ရင် ကျွန်ုပ်တို့ GetRide က ဘာများ ပိုထူးခြားသလဲ။ GetRide ရဲ့ ထူးခြားမှုကတော့ ကော်မရှင် မယူတဲ့ လူထုအခြေပြု မော်တော်ယာဉ်ကွန်ယက် အဖွဲ့ အဖြစ် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ GetRide ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ ယာဉ်မောင်းနှင်သူတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ရရှိလာတဲ့ အကျိုးအမြတ်ကိုလည်း လူထု အကျိုးအတွက် ခွဲဝေ သုံးစွဲ နိုင်ဖို့ ရည်ရွယ်တဲ့ အတွက် လူထုအခြေပြု မော်တော်ယာဉ်ကွန်ယက်လို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။

Get Digital Store ဆိုသည်မှာ ရောင်းဝယ်မှုများ ပြုလုပ်နိုင်သော Point of Sale Machine တစ်ခု ဖြစ်ပါတယ်။ ၎င်းစက်မှတစ်ဆင့် အသုံးပြုသူမည်သူ့ကိုမဆို အသေးစားလုပ်ငန်းရှင် တစ်ယောက်အဖြစ် ချက်ချင်းပြောင်းပေးနိုင်ပြီး နေ့စဉ်လူအများလိုအပ်သည့် ဝန်ဆောင်မှုများ ကားလက်မှတ်၊ လေယာဉ်လက်မှတ်မှ အစ ဟိုတယ်ဘိုကင်၊ တိုးခရီးစဉ်များနျှင့် ဖုန်းငွေဖြည့်မှုများကို ဒစ်ဂျစ်တယ်နည်းဖြင့် ရောင်းချနိုင်မှာဖြစ်ပါတယ်။ Get Digital Store ၏ ရည်ရွယ်ချက်မှာ နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံတွင် စီးပွားရေးအခြေခံယန္တယားကို ကူညီတည်ဆောက်ပေးရန်ဖြစ်ပြီး အများပြည်သူတို့အတွက် အရေးကြီးသည့် ဝန်ဆောင်မှုများကို နေရာတကာတွင် အလွယ်တကူရရှိစေရန် ဖြစ်သည်။

 

GET မှ တဆင့် ရောင်းချနိုင်သည့် ဝန်ဆောင်မှုများ

လေယာဉ်လက်မှတ်
ကားလက်မှတ်
ဖုန်းငွေဖြည့်ခြင်းများ
မိုးပျံပူဖောင်းစီးခြင်း
ဟိုတယ်ဘိုကင်များ
ခရီးသွားတိုးများ

SHOPPING

Groceries

Wholesale

E-commerce

FINANCE

Insurance

Stock Market

Loan

ENTERTAINMENT

Game

Lucky Draw

Movie

Music