FAQ About Get Digital Store – Premium Application

Campaign Related


၁) GET Digital Store ဆိုတာ ဘာလဲ။

GET Digital Store ဆိုတာကတော့ POS Machine (စက်) သို့မဟုတ် ဖုန်းမှတစ်ဆင့် အသုံးပြုရသော Premium Application ပဲဖြစ်ပါတယ်။ ဒီ Application လေးကို အသုံးပြုခြင်းအားဖြင့် ဖုန်းငွေဖြည့်ခြင်း ၊ အဝေးပြေးကားလက်မှတ်များ ၀ယ်ယူခြင်း၊ iTune, Google Playstore, Steam အစရှိသော Gift Card များဝယ်ယူခြင်း၊ MyanmarNet နှင့် Ananda အင်တာနက်ဝန်ဆောင်မှုများ ၀ယ်ယူခြင်း အစရှိသော ၀န်ဆောင်မှုများကို ရောင်းချနိုင်ပြီး နောက်ပိုင်းတွင်အခြားသောဝန်ဆောင်မှုများကို အချိန်မကုန် လူမပန်းဘဲနဲ့ လွယ်ကူ အဆင်ပြေစွာ  ရောင်းချ ၊ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 


၂) Telenor operator အသုံးပြုသူများအနေနဲ့ GET Digital Store ရဲ့ Premium Application ကို အသုံးပြုရင် ဘာခံစားခွင့် ရှိပါသလဲ။ 

၁) Application ကို Register လုပ်ပြီးလျှင် ငွေ ၈၀၀ ကျပ် ၊ 
၂) ကနဦးငွေ ၃ သောင်းဖြည့်သွင်းလျှင် ထပ်မံပြီး ငွေ ၂၀၀၀ ကျပ် 
ကို Premium Account Wallet ထဲသို့ မေတ္တာလက်ဆောင်အနေနဲ့ ဖြည့်သွင်းပေးမှာ ဖြစ်ပါတယ်။


၃) ကနဦး ငွေပမာဏ ၃ သောင်းကို ဘယ်လို ပေးသွင်းရမလဲ။ 

Get Premium Wallet ထဲကို ငွေဖြည့်သွင်းနိုင်တဲ့ နည်းလမ်း ၂ ခုရှိပါတယ်။
၁) bank မှ ငွေလွှဲပြီး ဖြည့်သွင်းခြင်း၊  
၂) MPU အသုံးပြုပြီး ငွေဖြည့်သွင်းခြင်း တို့ဖြစ်ပါတယ်။
(MPU ဖြင့် ငွေဖြည့်ရန် MPU account တွင် Ecommerce ဖွင့်ထားရန် လိုအပ်ပါတယ်။) (ငွေဖြည့်ခြင်းဆိုင်ရာ အသေးစိတ် အချက်များကို ” ငွေဖြည့်ခြင်းဆိုင်ရာ အချက်များ “ ခေါင်းစဉ်အောက်ရှိ မေးခွန်းနံပါတ် ၆ မှ ၁၀ အမေးအဖြေများတွင် ဖော်ပြထားပါတယ်။)


၎) Get Digital Store မှ ၀န်ဆောင်မှုများကို ရောင်းချပြီး ဘာအကျိုးအမြတ်များ ရရှိနိုင်မလဲ။

Get Digital Store မှ နေ့စဉ်လူမှုဘ၀တွင် လိုအပ်သော ၀န်ဆောင်မှုများကို ရောင်းချပြီး ၀န်ဆောင်မှုအလိုက် အကျိုးခံစားခွင့် ရာခိုင်နှုန်းများ ရရှိနိုင်ပါတယ်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက GET Digital Store ရဲ့ Facebook (သို့) Customer Service Number – 09952000200 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။ 

General FAQ About GET Digital Store Application and Services

၁) Get Digital Store ၏ Premium Application ကို အသုံးပြုရန်၊ register ပြုလုပ်ရန် ဘာလိုအပ်ပါသလဲ။

Active ဖြစ်နေသော ဖုန်းနံပါတ် နဲ့ ဖုန်းအမျိုးအစား (Android Version:5) (IOS version:5) နဲ့ အထက် လိုအပ်ပါတယ်။


၂) GET Digital Store တွင် ရရှိနိုင်သော ၀န်ဆောင်မှုဘယ်နှစ်မျိုးလောက်ရှိပါသလဲ။ ဘာတွေလဲ။

GET Digital Store တွင် (ယခုလတ်တလော) ရရှိနိုင်သော ၀န်ဆောင်မှုများမှာ
၁. အဝေးပြေးဘတ်စ်ကားလက်မှတ် ၀ယ်ယူခြင်း။
၂. ဖုန်းငွေဖြည့်ခြင်း။
၃. Gift Card ၀န်ဆောင်မှုရောင်းချခြင်း။
၎. Data Plan အင်တာနက်ဝန်ဆောင်မှုဝယ်ယူခြင်းများ (Myanmar Net & Ananda) ။
၅. Dedaa Box ၀န်ဆောင်မှုရောင်းချခြင်း နှင့်
အခြားဝန်ဆောင်မှုများကိုရောင်းချနိုင်မှာဖြစ်ပါတယ်။

ငွေဖြည့်ခြင်းဆိုင်ရာ အချက်များ

၃) My Wallet ဆိုတာဘာလဲ။

My Wallet ဆိုတာကတော့ GET Premium အကောင့်ထဲတွင်ရှိသော ငွေပမာဏကို ဖော်ပြထားသော အရာဖြစ်ပါတယ်။ ၀န်ဆောင်မှုတစ်ခုခုကို အသုံးပြုပြီးတိုင်း ပင်မစာမျက်နှာ (Home) ကို ပြန်ထွက်ပေးခြင်းအားဖြင့် မိမိအကောင့်ရှိ လက်ကျန်ငွေပမာဏအား update လုပ်နိုင်ပါတယ်။


၎) Wallet Top Up ဆိုတာဘာလဲ။

Wallet Top Up ဆိုတာ မိမိရဲ့ Premium အကောင့်ထဲကို ငွေဖြည့်ရန် နည်းလမ်းများကို ကြည့်ရှုနိုင်သော ၊ ငွေဖြည့်နိုင်သော လုပ်ဆောင်ချက် ဖြစ်ပါတယ်။ 


၅) Get Premium Wallet ထဲကို ငွေဖြည့်လျှင် ဘယ်လောက်ပမာဏ ဖြည့်လို့ရပါသလဲ။

Get Premium Application Wallet ထဲသို့ ငွေဖြည့်ဖို့အတွက် တစ်ကြိမ်ဖြည့်လျှင် ဖုန်းနဲ့ အသုံးပြုသူများအတွက် ပမာဏ ၃ သောင်း ၊ POS စက်နဲ့ အသုံးပြုသူများအတွက် အနည်းဆုံး ပမာဏ ၅ သောင်း ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။

၆) ဘဏ်မှ ငွေလွှဲလျှင် မည်သည့်ဘဏ်များကို အသုံးပြုနိုင်ပါသလဲ။

လတ်တလောတွင် ဘဏ် (၅) ခုနဲ့ ချိတ်ဆက်ထားပါတယ်။ ၎င်းဘဏ်များကတော့ 
၁. ကမ္ဘောဇဘဏ် ၊ ၂. ဧရာဝတီဘဏ် ၊ ၃. CB ဘဏ် ၊ ၄. ရိုးမဘဏ် နှင့် ၅. AGD ဘဏ်တို့ပဲ ဖြစ်ပါတယ်။


၇) Bank နဲ့ဘယ်လို ငွေဖြည့်ရမလဲ။

Bank နဲ့ ငွေဖြည့်ရာမှာ ဘဏ်သို့ လူကိုယ်တိုင် သွား၍သော်လည်းကောင်း၊ mobile banking အသုံးပြုပြီး လည်းကောင်း GET All Myanmar ကုမ္ပဏီ ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးရပါမယ်။ ပြီးလျှင် မိမိငွေလွှဲထားသော ဘဏ်စာရင်းဖြတ်ပိုင်း (သို့) mobile banking ဆိုလျှင်လည်း လွှဲထားသော screenshot ကို သက်ဆိုင်ရာ viber group (09251200700)ထဲသို့ ပို့ပေးပါ။ ပြီးလျှင် ၂၄ နာရီအတွင်း မိမိအကောင့်ထဲသို့ ငွေဖြည့်သွင်းပေးပါမယ်။ ငွေလွှဲရာတွင် ဘဏ်စလစ်နှင့် Mobile Banking Slip များတွင် Premium Account Register လုပ်ထားသော ဖုန်းနံပါတ် နှင့် နာမည်ကို ထည့်သွင်းဖော်ပြပေးရပါမယ်။ 


၈) ငွေလွှဲပေးရမယ့် GET ရဲ့ ဘဏ်အကောင့်နံပါတ်ကို သိချင်ပါတယ်။

GET Premium Application ၏ Menu အောက်တွင်ရှိသော WALLET (သို့) ပင်မစာမျက်နှာ (Home Page) ရှိ MY WALLET ကို နှိပ်ပါ။ Top Up Balance ဆိုသော ခလုတ်ကိုတွေ့ရပါမယ်။ ၎င်းခလုတ်ကိုနှိပ်ပြီး Bank Transfer ကိုရွေးလိုက်လျှင် ဖော်ပြထားသည့် ချိတ်ဆက်ထားသော ဘဏ်များထဲမှ မိမိ အဆင်ပြေသော ဘဏ်ကို  ရွေးချယ်လိုက်လျှင် GET  ၏ သက်ဆိုင်ရာ ဘဏ်အကောင့်များရဲ့ (ဘဏ်အကောင့်အပါအ၀င်) အချက်အလက်များကို ရရှိနိုင်ပါတယ်။ 


၉) MPU နဲ့ ငွေဖြည့်နည်းလေးသိချင်ပါတယ်။

GET Premium Application ၏ Menu အောက်တွင်ရှိသော WALLET (သို့) ပင်မစာမျက်နှာ (Home Page) ရှိ MY WALLET ကို နှိပ်ပါ။ Top Up Balance ဆိုသော ခလုတ်ကိုတွေ့ရပါမယ်။ ၎င်းခလုတ်ကို နှိပ်လိုက်ရင် ငွေလွှဲရန် ရွေးချယ်စရာ နည်းလမ်းများကို တွေ့ရမှာ ဖြစ်ပါတယ်။ MPU Transfer ကို ရွေးလိုက်ပြီးလျှင် ဖြည့်သွင်းရမည့် နည်းလမ်းအဆင့်ဆင့် အတိုင်း ဆောင်ရွက်ပြီး ငွေဖြည့်သွင်းနိုင်ပါတယ်။ 


၁၀) MPU နဲ့ငွေဖြည့်ပြီးလျှင် ငွေဝင်မ၀င် ဘယ်လိုသိရမလဲ။

MPU နဲ့ ငွေဖြည့်ခြင်း အောင်မြင်လျှင် လူကြီးမင်းဖြည့်သွင်းသော ငွေပမာဏအလိုက် Premium Account ၏ Wallet ထဲရှိ ငွေပမာဏ တိုးသွားမှာဖြစ်ပါတယ်။ အချိန်အားဖြင့် ငွေဖြည့်ခြင်း အောင်မြင်တာနဲ့တစ်ပြိုင်နက် wallet ထဲမှာ ငွေလက်ခံရရှိမှာ ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး မြန်ဆန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ 
(MPU နဲ့ငွေဖြည့်ဖို့အတွက် MPU မှာ E-commerce account ဖွင့်ထားဖို့တော့ လိုအပ်ပါတယ်။)

Application Menu ရှိ လုပ်ဆောင်ချက်များ

၁၁) Menu ဆိုတာဘာလဲ၊ application ရဲ့ ဘယ်နေရာမှာ ရှိလဲ။

Menu ဆိုတာကတော့ Application တစ်ခုလုံးတွင် ပါဝင်သော အဓိကလုပ်ဆောင်မှုများ အားလုံးကို ဖော်ပြထားသော  နေရာဖြစ်ပါတယ်။ Application ရဲ့ ဘယ်ဘက် အပေါ်ဆုံးထောင့်မှာ Menu Bar (အခြစ်ကလေးသုံးခြစ်) ကို တွေ့နိုင်ပါတယ်။


၁၂) Menu မှာ ဘာတွေပါလဲ။

Menu အောက်တွင် ပင်မစာမျက်နှာ (HOME) ၊ အကောင့်စာရင်း (WALLET) ၊ ငွေအ၀င်အထွက်စာရင်း (WALLET HISTORY) ၊ အရောင်းစာရင်း (TRANSACTION HISTORY) ၊ Premium အကောင့်ပိုင်ရှင်၏ အချက်အလက်များ (USER PROFILE) ၊ နေ့စဉ် (သို့) ရက်အလိုက် အရောင်းစာရင်းများကို report ထုတ်နိုင်ရန် (EXPORT SALE REPORT) ၊ နှင့် အရောင်းစာရင်း အချုပ်ကို ထုတ်ယူနိုင်သော (SUMMARY REPORT) ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာပြောင်းရန် (SETTING) စသည်တို့ကို တွေ့မြင်နိုင်မှာပါ။


၁၃) Premium Application မှ ထွက်ချင်လျှင် ဘယ်လို ပြုလုပ်ရမလဲ။

Menu ကိုနှိပ်လိုက်လျှင်ပေါ်လာသော အချက်အလက်များ၏ အောက်တွင် “LOGOUT” ဆိုသော ခလုတ်လေးပါရှိပါတယ်။ ထိုခလုတ်လေးကို နှိပ်ပြီး Application ထဲမှ ထွက်နိုင်ပါတယ်။ 


၁၄) အသုံးပြုရင်း တစ်စုံတစ်ရာ မေးမြန်းရန် (သို့) အခက်အခဲများ ရှိလာရင် ဘယ်ကို ဆက်သွယ်လို့ရမလဲ။

Menu ကိုနှိပ်ပြီးလျှင် ပေါ်လာသော အချက်အလက်များနှင့် “LOGOUT” ဆိုသော ခလုတ်များ အားလုံး၏ အောက်ဆုံးတွင် “24 HOURS CUSTOMER SUPPORT” ဆိုသော ခေါင်းစဉ်ဖြင့် CALL ခလုတ်လေးကို ဖုန်းပုံစံလေးနဲ့ ဖော်ပြထားပါတယ်။ ၎င်းခလုတ်လေးကို နှိပ်လိုက်လျှင် ၂၄ နာရီ ၀န်ဆောင်မှုပေးနေသော GET Digital Store ၏ Customer Service သို့ ဆက်သွယ်နိုင်ပါတယ်။ (Hotline Ph Number – 09952000200)


၁၅) Menu အောက်မှာရှိတဲ့ WALLET နဲ့ ပင်မစာမျက်နှာ (Home Page) မှာ ရှိတဲ့ MY WALLET နဲ့က အတူတူပဲလား။

Menu အောက်မှာရှိတဲ့ WALLET နဲ့ ပင်မစာမျက်နှာ (Home Page) မှာရှိတဲ့ MY WALLET နဲ့က အတူတူပါပဲ။ အဆင်ပြေတဲ့ တစ်ခုကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ 

Wallet History (ငွေအ၀င်အထွက်စာရင်းများ)

၁၆) အကောင့်ထဲက ငွေ အ၀င်အထွက် စာရင်းတွေကို ဘယ်မှာ ကြည့်လို့ရလဲ။

Menu အောက်ရှိ WALLET HISTORY ကိုရွေးပါ။ ပြီးလျှင် ငွေအ၀င်အထွက်စာရင်းများကို အစဉ်လိုက် ဖော်ပြထားတာကို တွေ့ရပါမယ်။ မိမိသိလိုသော စာရင်းကို နှိပ်ပြီးလျှင် အသေးစိတ်အချက်အလက်ကို ကြည့်ရှူနိုင်ပါတယ်။ 
MENU >> WALLET HISTORY >> Information Details
ပင်မစာမျက်နှာ (Home Page) ရှိ MY WALLET ကိုရွေးပါ။ ပြီးလျှင် မိမိအကောင့်ထဲရှိ လက်ကျန်ငွေပမာဏကို  ဖော်ပြနေသော (MY BALANCE AMOUNT) ၊ ၏အောက်တွင် အကောင့်ထဲသို့ ငွေဖြည့်ရန်အတွက် (TOP UP BALANCE) ၊ ငွေအ၀င်အထွက်စာရင်းများကို ကြည့်ရှုနိုင်သော (WALLET HISTORY) ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ထို WALLET HISTORY ကို နှိပ်ပြီးလျှင်ငွေအ၀င်အထွက်စာရင်းများကို အစဉ်လိုက် ဖော်ပြထားတာကို တွေ့ရပါမယ်။ မိမိသိလိုသော စာရင်းကို နှိပ်ပြီးလျှင် အသေးစိတ်အချက်အလက်ကို ကြည့်ရှူနိုင်ပါတယ်။ 
HOME >> MYWALLET >> WALLET HISTORY >> Information Details

Transaction History (အရောင်းစာရင်း အ၀င်အထွက်များ)

၁၇) Application တွင် မိမိ ပြုလုပ်ထားတဲ့ အရောင်းစာရင်းတွေကို ဘယ်လိုကြည့်ရမလဲ။

Application ၏ Menu တွင် Transaction History ဆိုသော ခေါင်းစဉ်ကို နှိပ်ပါ။ ပြီးလျှင် မိမိ သိလိုတဲ့ ၀န်ဆောင်မှု (ဥပမာ – Bus Ticket ၊ TopUp စသဖြင့်) ကို ရွေးချယ်ပြီး မိမိ လုပ်ဆောင်ထားခဲ့သော သက်ဆိုင်ရာ အရောင်းစာရင်းများကို အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Available Services (ရောင်းချနိုင်သော ၀န်ဆောင်မှုများ)
၁) Bus Ticket (အဝေးပြေး ဘတ်စ်ကားလက်မှတ် ရောင်းချခြင်း)
 

၁၈) Premium Application နှင့် အဝေးပြေးကားလက်မှတ်ဝယ်လျှင် ၀ယ်ယူနိုင်သော ယာဉ်လိုင်းပေါင်း ဘယ်လောက်ရှိပါသလဲ။ 

Premium Application နှင့် အဝေးပြေးကားလက်မှတ်ဝယ်လျှင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၅၀ ကျော်သို့သွားနိုင်သော ယာဉ်လိုင်း ၃၂ လိုင်းနှင့် ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

၁၉) Bus Ticket ၀ယ်ယူတဲ့အခါ ထိုင်ခုံနေရာကို ဘယ်လိုရွေးချယ်ဝယ်ယူနိုင်သလဲ။

Bus Ticket ၀ယ်ယူရာတွင် မိမိသွားရောက်လိုသော ယာဉ်လိုင်းနဲ့ခရီးစဉ်ကို ရွေးချယ်ပြီးလျှင် ထိုင်ခုံနေရာရွေးချယ်ရန် တွေ့ရပါမယ်။ ထိုင်ခုံနေရာရွေးလျှင် ၀ယ်ယူလို့မရတော့တဲ့ နေရာများကို သော့ပိတ်ထားသော (Locked) ပုံစံလေးများအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထို Locked ဖြစ်နေသော နေရာများမှလွဲ၍ ကျန်နေရာများမှ မိမိ ကြိုက်နှစ်သက်ရာ နေရာကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။


၂၀) Premium Applicaton ဖြင့် Bus Ticket ၀ယ်ယူရာမှာ မရရှိနိုင်တဲ့ မြို့များ ရှိပါသလား။

လတ်တလောတွင် ချောင်းသာ ၊ ငွေဆောင် နဲ့ ဧရာဝတီတိုင်းအတွင်းရှိ မြို့များ၏ခရီးစဉ် လက်မှတ်များကိုတော့ ၀ယ်ယူလို့မရနိုင်သေးပါဘူး။

၂၁) GET Digital Store ရဲ့ Premium Application ကို အသုံးပြုပြီး အဝေးပြေးကားလက်မှတ်တွေ ၀ယ်ယူတဲ့အခါ ဘာတွေ ပိုထူးခြားမလဲ။ 

Get Premium Application နဲ့ ခရီးသွားကားလက်မှတ်တွေ ၀ယ်ယူတဲ့အခါမှာ မိမိစီးနင်းလိုတဲ့ ယာဉ်ကြောင်းလိုင်း အမျိုးအစား၊ လက်မှတ် အမျိုးအစား၊ ထွက်ခွာလိုတဲ့အချိန်တွေ ရွေးချယ်ဝယ်ယူနိုင်တာသာမက ခုံနေရာများကိုလည်း မိမိဝယ်ယူတဲ့အချိန်နဲ့ တစ်ပြေးညီ ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက်ကြောင့် ပိုမိုလွယ်ကူလျှင်မြန်ပြီး စိတ်ကျေနပ်မှု ရရှိစေနိုင်ပါတယ်။

၂၂) GET Digital Store မှဝယ်ယူထားသောကားလက်မှတ်များကို ငွေပြန်အမ်းပါသလား။ အချိန်ပြောင်းလို့ရပါသလား။

GET Digital Store မှ ဝယ်ယူထားသော ကားလက်မှတ်များအတွက် ငွေပြန်မအမ်းပါ။ အကြောင်း တစ်စုံတစ်ရာကြောင့် အချိန် ( သို့ ) နေ့ရက် ပြောင်းလိုပါက ကားလက်မှတ် တွင်ပါသော ဖုန်းနံပါတ် ( သို့ ) 09760373070 ဖုန်းများသို့ ဆက်သွယ်ပြီး အကူညီရယူနိုင်ပါတယ်။ မိမိသဘောဖြင့် ကားဂိတ်ထံ သို့ တိုက်ရိုက် ဆက်သွယ်ပြီး Cancel လုပ်ခြင်း ၊ အချိန် ( သို့ ) နေ့ရက်ပြောင်းလဲခြင်းများ ပြုလုပ်လို့ မရပါ။ 

၂) Mobile Top Up (ဖုန်းငွေဖြည့်ကဒ် ရောင်းချခြင်း)

၂၃) GET Premium Application နဲ့ ဖုန်းငွေဖြည့်ရင် ဖုန်းအော်ပရေတာ ဘယ်နှစ်မျိုးအတွက် ရရှိနိုင်မလဲ။

GET Premium Application နဲ့ ဖုန်းငွေဖြည့်ရာတွင် ဖုန်းအော်ပရောတာများဖြစ်သော MPT, Ooredoo, Telenor, Mectel နှင့် MyTel အမျိုးအစားအားလုံး အတွက် ရရှိနိုင်ပါတယ်။
 

၂၄) GET Premium Application မှာ ဘယ်လိုမျိုး ဖုန်းငွေဖြည့်ရမလဲ။

GET Premium Application နဲ့ ဖုန်းငွေဖြည့်ရာတွင် အမျိုးအစား ၂ မျိုးရှိပါတယ်။
၁. PIN နံပါတ်ဖြင့် ငွေဖြည့်ခြင်း (SOFT PIN) ၊ နဲ့
၂. E-Load ဖြင့် ငွေဖြည့်ခြင်း တို့ ဖြစ်ပါတယ်။

၂၅) PIN နံပါတ်နဲ့ ငွေဖြည့်တာ နဲ့ E-Load နဲ့ ငွေဖြည့်တာ ဘယ်လိုမျိုးကွာခြားလဲ။

PIN နံပါတ်နဲ့ ငွေဖြည့်တယ် ဆိုတာကတော့ ဖုန်းကဒ်နဲ့ ငွေဖြည့်သလိုပဲ pin နံပါတ်လေးတွေ ရိုက်ထည့်ပြီး ငွေဖြည့်ရတာ ဖြစ်ပါတယ်။ (ငွေဖြည့် pin နံပါတ်ကို Premium Application မှ ရောင်းချချိန်တွင် ရရှိနိုင်ပါသည်။)
E-Load နဲ့ ငွေဖြည့်တယ် ဆိုတာကတော့ ဘယ်နံပါတ်မှ ရိုက်ထည့်စရာမလိုဘဲ ဖုန်းဘေလ် ဖြည့်ချင်တဲ့ ဖုန်းထဲကို ဖြည့်လိုတဲ့ ဖုန်းငွေပမာဏကို တိုက်ရိုက် ဖြည့်ပေးခြင်းဖြစ်ပါတယ်။ (ဖုန်းဘေလ်ရောက်ရှိသွားသောဖုန်းနံပါတ်လေးကို Premium Application မှ ရောင်းပေးပြီးသော အခါတွင် တွေ့ရှိနိုင်ပါတယ်။)

၂၆) Get Digital Store ရဲ့ Premium Application နဲ့ ငွေဖြည့်ရင် Operator တွေက ပေးတဲ့ ခံစားခွင့်တွေရော ရမှာလား။

Get Digital Store ရဲ့ Premium Application နဲ့ ငွေဖြည့်ရင် Operator တွေက ပေးတဲ့အတိုင်းပဲ အပိုလက်ဆောင်တွေ ရရှိနိုင်ပါတယ်။ 

၂၇) ဖုန်းဘေလ်ထည့်ပြီးဘေလ်မ၀င်ရင် ဘယ်လိုလုပ်ရမလဲ။

ဖုန်းဘေလ်ထည့်ပြီးဘေလ်မ၀င်ခဲ့ပါက Transaction History ထဲရှိ Mobile Top Up ထဲတွင်ဝင်စစ်ပေးပါ။ Voided / Rejected/ Pending ဖြစ်နေပါက သုံးစွဲသူနံပါတ်ထဲသို့ ဘေလ်မ၀င်သလို Premium Wallet ထဲကလည်းငွေမဖြတ်ပါဘူး၊  နောက်တစ်ကြိမ်ဘေလ်ထပ်ထည့်  ပေးရပါမယ်။ အကယ်၍ Approved ဖြစ်ပြီးဘေလ်မ၀င်ပါက GET Digital Store ၏ Customer Service နံပါတ် ဖြစ်သော (09952000200) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

၃) Gift Card (အွန်လိုင်း ငွေဖြည့်ကဒ်များ)

၂၈) Gift Card ၀န်ဆောင်မှုရောင်းချခြင်းဆိုတာဘာလဲ။ ဘာတွေရောင်းလို့ရလဲ။

Gift Card ၀န်ဆောင်မှုရောင်းချခြင်းဆိုတာ – 
Viber Out Call (နိုင်ငံခြားသို့ အင်တာနက်မလိုဘဲဖုန်းခေါ်ဆိုနိုင်ရန် မိမိဖုန်းနံပါတ်ထဲသို့ Dollar ဖြည့်သွင်းခြင်း)
Stream Wallet Card (Dota 2, PUBG နှင့်အစရှိသော Online Game များဆော့ရာတွင် Gem ၀ယ်ခြင်းနှင့် အခြားသော items များဝယ်ယူနိုင်ရန် မိမိအကောင့်ထဲသို့ Dollar ဖြည့်သွင်းခြင်း) ၊ 
Google Play Store Card (Google Play Store တွင် Payment သွင်းပြီးဝယ်ယူရသော Application, Books, Movies & Songs များကိုဝယ်ယူရန် မိမိအကောင့်ထဲသို့ Dollar ဖြည့်သွင်းခြင်း)
iTune Card (iTune & Apple Store တွင် Payment သွင်းပြီးဝယ်ယူရသော Application, Books, Movies & Songs များကိုဝယ်ယူရန် မိမိအကောင့်ထဲသို့ Dollar ဖြည့်သွင်းခြင်း) 
အစရှိသော အင်တာနက် game နဲ့ application များအတွက် ငွေဖြည့်ကဒ်များ ၀ယ်ယူနိုင်ခြင်း ဖြစ်ပါတယ်။ 

၎) Data Plan (အင်တာနက် ၀န်ဆောင်မှု ငွေဖြည့်ကဒ်များ – Myanmar Net ၊ Ananda Top Up)

၂၉) အင်တာနက်ဝန်ဆောင်မှုရောင်းချခြင်းမှာဘာတွေရလဲ။

Myanmar Net & Ananda အင်တာနက် Package များကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Myanmar Net & Ananda အင်တာနက် Package များကိုဝယ်ယူလိုက်ပါက ဖုန်းငွေဖြည့်ကဒ်ကဲ့သို့ရရှိလာသော Code နံပါတ်များကို မိမိအကောင့်ထဲတွင် ရိုက်ထည့်ပြီးဖြည့်နိုင်ပါတယ်။

၅) Dedaa Box (အွန်လိုင်း ပညာရေး ၀န်ဆောင်မှု)

၃၀) Dedaa Box ၀န်ဆောင်မှုဆိုတာဘာလဲ။

Dedaa Box ဆိုတာ မြန်မာနိုင်ငံရှိ Online ပညာသင်ကြားရေး website တစ်ခုပဲဖြစ်ပါတယ်။  DedaaBox app ကနေမြန်မာနိုင်ငံသားအားလုံးအတွက် Management ပညာရပ်များ၊ ဘာသာစကားများ၊ အင်္ဂလိပ်စာ ဗဟုသုတများကို မိုဘိုင်းလ်ဖုန်းကနေလွယ်ကူစွာသင်ယူနိုင်ပါတယ်။ Package များကတော့ တစ်လအတွက် 3000 ကျပ်နှင့် သုံးလအတွက် 7000 ကျပ်ကျသင့်မှာဖြစ်ပါတယ်။ 3000 ကျပ်တန် Package ရောင်းချလျှင် Agent မှ Commission 500 ကျပ်ရရှိမှာဖြစ်ပြီး 7000 ကျပ်တန် Package ရောင်းချပါက Commission 1000 ကျပ်ရရှိမှာဖြစ်ပါတယ်။